ရှုတင်ရိုက်ကွင်းတစ်ခုမှာ အတွဲညီညီသရုပ်ဆောင်နေကြတဲ့ အေးဝတ်ရည်သောင်း နဲ့ ဖြိုးမြတ်အောင်

နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းနဲ့ Myanmar Idol Season (3) ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်တို့က နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရရှိနေသူတွေ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာ ရရှိထားသလို ဖြိုးမြတ်အောင်ကလည်း မိန်းကလေး ပရိသတ်တွေများစွာ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ အေးဝတ်ရည်သောင်းနဲ့ ဖြိုးမြတ်အောင်တို့က လက်တလောမှာတော့ အနုပညာလုပ်ငန်းတွေ အတူတူ တွဲဖက်ပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း အတွဲညီညီ သရုပ်ဆောင်နိုင်တဲ့ ကြော်ငြာတွေကို အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း အေးဝတ်ရည်သောင်းနဲ့ ဖြိုးမြတ်အောင်တို့က Story Board Movie Studio က ရိုက်ကွင်းတစ်ခုမှာ အတူတူ သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းနဲ့ ဖြိုးမြတ်အောင်တို့ရဲ့ ရိုက်ကွင်းပေါ်မှ အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

အေးဝတ်ရည်သောင်းက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို ဖြိုးမြတ်အောင်ကလည်း သီချင်းဆိုတဲ့ အလုပ်အပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေပြီး ကြော်ငြာတွေများစွာ ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းနဲ့ ဖြိုးမြတ်အောင်တို့ကတော့ ဘာကို အတူတူ ရိုက်ကူးနေကြလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းနဲ့ ဖြိုးမြတ်အောင်တို့ရဲ့ ပုံလေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena

Source: story board movie studio