အာမခံလျော်ကြေးငွေ ဘတ် 300,000 အား လက်ခံရန် သေဆုံးသူမြန်မာလူငယ်ရဲ့ မိသားစု ကိုလိုက်ရှာနေ






Source – Labour Hittai

Unicode

ကျေးဇူးပြုပြီး Share ပေးလိုက်ပါ။

အာမခံလျော်ကြေးငွေ 300,000 ဘတ်လက်ခံရန် သေဆုံးသူမြန်မာလူငယ်ရဲ့ မိဘကိုလိုက်ရှာ

လွန်ခဲ့တဲ့ သြဂုတ်လ 22 ရက်နေ့က ณธษา บรรจงวงศ์ အမည်ရှိ ဖေ့ဖ်ဘုတ်အသုံးပြုသူမှ သေဆုံးသူမြန်မာလူငယ် Mr. Venmoekyaw (นายเวนโมจอ) အသက် 23 နှစ်ရဲ့မိဘကို ဖေ့ဖ်ဘုတ်ပေါ်တင်ပြီး ကြေညာလိုက်ရှာပါတယ် …..၎င်းမြန်မာလူငယ်တစ်ယောက်ဟာ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်တာဖြစ်ပြီး ကံမကောင်းစွာဖြင့် ကားတိုက်မှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။

ယင်းအဖြစ်အပျက်ကြောင့် ယာဉ်တိုက်မှုဖြစ်ပွါးတဲ့ယာဉ်ရဲ့အာမခံကုမ္ပဏီဆီမှ ဆွေမျိုးများက အာမခံလျော်ကြေးငွေ 300,000 ဘတ် လက်ခံရရှိမှာဖြစ်ပါတယ် ……ဒါပေမယ့် လျော်ကြေးငွေလက်ခံရယူရာမှာ သေဆုံးသူရဲ့မိဘများသာ ဖြစ်ရမှာဖြစ်ပါတယ်။သေဆုံးသူရဲ့မိဘများသတင်းသိရှိနိုင်ရန်နှင့် လျော်ကြေးငွေလက်ခံရရှိနိုင်ရန်အတွက်….။

အခု သေဆုံးသူမြန်မာလူငယ်ရဲ့မိဘတွေဆီရောက်အောင် အားလုံးဝိုင်းဝန်းကူညီပြီး ရှယ်ပေးကြပါနော်…..မြန်မာအမည် ဝင်းမိုးကျော် ဟု သိရပါသည်။

Source – Labour Hittai