“ကထိန်ခင်း အလှူပွဲမှာ ရွှေမိုးငွေမိုးကို ဒေါ်လာတွေနဲ့ ရွာသွန်းဖြိုးခဲ့တဲ့ စမိုင်းလ်”

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်စမိုင်းလ်ကတော့ မြန်မာတို့ရဲ့ ဓလေ့ထုံးစံနဲ့ အညီ ကထိန်းခင်းအလှူပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပြန်ပါတယ်။မိသားစုအချင်းချင်းတစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးလှတဲ့ စမိုင်းတို့ မိသားစုလေးဟာ အလှူအတန်းတွေမှာလည်း မိသားစုအလိုက်ကို တက်ညီလက်ညီနဲ့မကြာခဏဆိုသလို ပြုလုပ်ကြတာလည်း ပရိသတ်တွေ အသိပါ။ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့လလေးဖြစ်တဲ့ အောက်တိုဘာလ တစ်လလုံးနီးပါးအလှူအတန်းတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် (၆၀)မှာတည်ရှိတဲ့ “ရန်ကြီးအောင်တောရဓမ္မရိပ်သာ”မှာ ကထိန်ခင်းအလှူပွဲကြီးကို ကျင်းပပြုလုပ်ခဲ့တာပါ။အလှူပွဲကြီးကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၇)ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကထိန်သင်္ကန်းဆက်ကပ်ခြင်းနဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးအလှူလေးပါပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့တဲ့ အပြင် ရွှေမိုးငွေမိုးကြဲခဲ့ပါသေးတယ်။မြန်မာလူမျိုးတို့ရဲ့ ထုံးတမ်းအစဉ်အလာအရ အလှူပွဲကြီးပြီးမြောက်ရင် အောင်မြင်ကြောင်းအထိမ်းအမှတ်အနေနဲ့ ရွှေမိုးငွေမိုးရွာတတ်တဲ့ အလေ့အထလေးရှိပါတယ်။

စမိုင်းလ်တို့ကတော့ အခုလို ရွှေမိုးငွေမိုးရွာချိန်မှာတော့ ငါးထောင်တန် တစ်သောင်းတန်တွေအပြင် ဒေါ်လာတွေကိုပါထည့်ပြီး ကြဲခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ စမိုင်းလ်တို့မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှလေးကို ထပ်တူထပ်မျှသာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်။

Source : စမိုင်းလ် Smile

Chilli – CeleGabar

ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။







Chilli – CeleGabar