တန်ဖိုးကြီး ရတနာတွေကိုယ်စီနဲ့ အလှချင်းပြိုင်နေတဲ့ အိန္ဒြာကျော်ဇင် နဲ့ မိုးဟေကို

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးလေးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ မိုးဟေကိုက အနုပညာလောကမှာ အောင်မြင်မှု ကိုယ်စီ ရရှိနေသူတွေ ဖြစ်ပါတယ်။ ပင်ကိုယ် သဘာဝအလှနဲ့ တည်ငြိမ်ရင့်ကျက်လွန်းတဲ့ မင်းသမီးလေးနှစ်ယောက်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အိမ်ထောင်ကျသွားပြီဖြစ်ပြီး မိုးဟေကိုကတော့ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်ကြီးချစ်တဲ့ မင်းသမီးလေးတွေဖြစ်တဲ့ မိုးဟေကိုနဲ့ အိန္ဒြာကျော်ဇင်တို့က ပလက်တီနမ်ဂါးဒင်း ရတနာဆိုင်အတွက် ကြော်ငြာရိုက်ကူးပေးနေတာကို တွေ့ရပါတယ်။

ပရိသတ်တွေအတွက် ရတနာလေးတွေနဲ့အပြိုင် နတ်သမီးလေးလို လှနေကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ မိုးဟေကိုတို့ရဲ့ ကြော်ငြာရိုက်ကွင်းပေါ်မှ ပုံရိပ်လေးတွေကို မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

လက်တလောမှာ အိန္ဒြာကျော်ဇင်က “စတုတ္ထမြောက်သွေးကြောမျှင်”၊ “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ပြင်ဆင်နေပြီး မိုးဟေကိုကတော့ “ကျွန်တော့်ရဲ့သူ”၊ “အောင်ဆန်း” ရုပ်ရှင် အစရှိတာတွေကို ရိုက်ကူးနေလျက်ရှိပါတယ်။

အလှနတ်သမီးလေးနှစ်ယောက်ကတော့ တစ်ယောက်တစ်မျိုးစီနဲ့ ခမ်းနားစွာ လှပနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်နဲ့ မိုးဟေကိုတို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Source: Moe Hay Ko’s fb