မော်လူးတွင် စိုးမျိုးညီရတနာရွှေဆိုင်အားဖောက်ထွင်းမှုဖြစ် ပွား ရတနာအထည်မျိုးစုံ ၅ ပိသာခန့်ပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင်အောက်တို ဘာ ၃၁ရက်နေ့ကစိုးမျိုးညီရတနာ ရွှေဆိုင်တစ်ဆိုင်အား ဖောက်ထွင်းမှုဖြစ်ပွားခဲ့ရာ လက်ဝတ်ရတနာမျိုးစုံ အချိန် ၅ ပိသာခန့်ပျောက်ဆုံးခဲ့ကြောင်း မော်လူးနယ်မြေရဲစခန်းကသိရပါတယ် ။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ရက်နေ့ နံနက် ၄နာရီ ၂၀မိနစ်အချိန်ခန့်က မော်လူးမြို့မင်းရာဇာရပ်ကွက် လမ်းမတော်လမ်းနေ ရွှေဆိုင်ပိုင် ရှင်ဦးရန်မျိုးနိုင်သည် နေအိမ်အပေါ်ထပ်မှ အောက်ထပ်သိုဆင်းလာစဉ် ရွှေထည်ကောင်တာရောင်းချသည် မှန်ကောင်တာ ၆ ခုအနက် ၄ ခုမှာပွင့်နေသဖြင့်စစ်ဆေးကြည့်ရာ ရွှေထည်ပစ္စည်းများနှင့် အပေါင်ခံရတနာရွှေထည်ပစ္စည်းများပါပျောက်ဆုံးနေကြောင်းသိရပြီး

အခင်းဖြစ်ပွားချိန်တွင်အဆိုပါနေအိမ်တွင် ၎င်း၏မိခင်ဖြစ်သူ ဒေါ်တင်ပြုံး သမီးဖြစ်သူ ၁၀နှစ်အရွယ် မရွှန်းလဲ့သော်သာ နှင့်ဦးရန်နိုင်မျိုးတို့ ၃ဦးသာရှိကြောင်း အဆိုပါဖောက်ထွင်းမှုကြောင့် ပျောက်ဆုံးသွားသောလက်ဝတ်ရတနာအထည်ပစ္စည်းမျိုးစုံမှာ စုစုပေါင်း ကျပ်သိန်း(၅၅၀၀)ကျပ်ခန့် ရွှေပိသာချိန်(၅)ပိသာခန့်ပျောက်ဆုံးသွားခဲ့ကြောင်း စစ်ဆေးတွေရှိခဲ့ရပါတယ် ။

ဖြစ်စဉ်ကြောင့်မော်လူးနယ်မြေရဲစခန်းကအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရပါတယ် ။

Cyclone Mawlu