“ချစ်မေမေ ကိုယ်တိုင် ရိုက်ပေးထားတဲ့ ချစ်စရာ ပုံလေးတွေကို မျှဝေပေးလိုက်တဲ့ နော်ဖောအယ်ထား

နော်ဖောအယ်ထား ဟာ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး သူရဲ့ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကိုပါရရှိနေသူလည်းဖြစ်ပါတယ်။

ပရိသတ်တွေကို သူမရဲ့ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေမျှဝေပေးလေ့ရှိတဲ့ နော်ဖောအယ်ထားဟာ အခုအခါမှာလည်း သူမအမေနဲ့ အတူ ဘန်ကောက်မှာလျောက်လည်ရင်း သူ့မအမေကိုယ်တိုင် ရိုက်ပေးတဲ့ပုံလေးတွေကိုသူမရဲ့ ဖေ့ဘုတ်ကနေ မျှဝေပေးခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့ နော်ဖောအယ်ထားလေး

ချစ်ဖို့ကောင်းလိုက်တာ

အရင်က မော်ဒယ်တစ်ယောက်အနေနဲ့ ပရိသတ်ချစ်ခင်မှုအများကြီးရရှိပြီး အခုအခါမှာတော့ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်လာတာတွေ့ရပါတယ်။MRTV 4 ကထုတ်လွှင့်ပြသတဲ့ ‘ပျောက်ဆုံးနေသော အမှန်တရား’ဇာတ်လမ်းတွဲမှာလည်း သုဒြာအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ် ချစ်ခင်မှုလည်းပိုမိုရရှိခဲ့ပါတယ်။

အနုပညာလောကထဲ မရောက်လာခင်ကတည်းက ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါသူလေးဖြစ်ပြီး ကင်မရာမှမဟုတ်ပဲ ဖုန်းနဲ့လဲ ဓာတ်ပုံလေးတွေရိုက်တတ်သူလဲဖြစ်ပါတယ်။ နော်ဖောအယ်ထားဟာ သူမရဲ့လှပတဲ့ ပုံရိပ်လေးတွေကို facebook ပေါ်မှာအမြဲလိုလိုတင်တတ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ မော်ဒယ် သရုပ်ဆောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။မိုမိုလေးပရိသတ်တွေရော နော်ဖောလေးကိုချစ်ကြရင် share သွားအုံးနော်။အဆုံးထိဖတ်ရှုပေးတဲ့အတွက် မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Naw Phaw Eh Htar